Main menu

CCF မှ ကမ္ဘောဒီးယားသို့ တင်သွင်းလာသောဒူးရင်းသီးအချို့အား ဓာတုပစ္စည်းတစ်မျိုးတွင် စိမ်ထားသည်ကိုတွေ့ရှိ

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးနှင့် လိမ်လည်မှုတိုက်ဖျက်ရေးအထွေထွေဦးစီးဌာန (CCF)မှ ဒူးရင်းသီးရောင်းချသည့် ကုန်သည်များအနေဖြင့် စိုက်ပျိုးရေးအရင်းအမြစ်ကို လွဲမှားစွာသုံးစွဲခြင်းမပြုရန် ရိုးရိုးသားသားလုပ်ကိုင်ကြရန် ဒူးရင်းသီးရောင်းချသည့် ကုန်သည်များထံ တောင်းဆိုထားကြောင်းသိရှိရပါသည်။

     ဇွန်လ ၂၁ ရက်နေ့က CCF ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားဈေးကွက်တွင် အိမ်နီးချင်းနိုင်ငံများမှ ဒူးရင်းသီးများ တင်သွင်းရောင်းချသည့်ကိစ္စနှင့် ပတ်သက်၍ ဒူးရင်းသီးစိမ်ရန် ဓါတုပစ္စည်းများအသုံးပြုထားကြောင်းကို သတင်းစာများလူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာထားကြောင်းသိရှိရပါသည်။

    အထက်ပါအချက်အလက်များခိုင်လုံစွာရရှိပြီးနောက် CCF အထွေထွေဦးစီးဌာနမှ ကျွမ်းကျင်အရာရှိများအား ကမ္ဘောဒီးယားနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အချို့တွင် ဈေးကွက်အတွင်းသို့ဝင်ရောက်လာသော ဒူးရင်းသီးများအား သုတေသနလုပ်ငန်းများအမြန်ဆုံး လုပ်ဆောင်နိုင်ရန် ညွှန်ကြားခဲ့သည်။

   ပဏာမသုတေသနရလဒ်များအရ ဒူးရင်းရောင်းချသူများ ပြသသော ဒူးရင်းသီးများမှာ Kampot, Kampong Chan, Battumbong, Thong Khmum စသည့် ဒေသများမှထွက်သော ကမ္ဘောဒီးယားဒေသထွက်ကုန်များဖြစ်ကြသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသောဒူးရင်းသီးများလည်းပါဝင်ကြောင်း သုတေသနပြုချက်များတွင် ပုံငယ်များဖြင့် ဖော်ပြထားသည်။

    တစ်ချိန်တည်းမှာပင် CCF မှ စုံစမ်းစစ်ဆေးသူများသည် တင်သွင်းလာသော ဒူးရင်းသီးအချို့ကို တာဝန်ရှိသူများက ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေလျက်ရှိကြောင်း သိရသည်။

     CCF အထွေထွေဦးစီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် ဓါတုဗေဒပစ္စည်းများပါဝင်မှုကို ဖော်ထုတ်သိရှိနိုင်စေရန်ဆက်လက်၍ သုတေသနလုပ်ငန်းများအား ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)