Main menu

မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦးသည် ၂၄-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးသို့ စားအုန်းဆီခွဲတမ်းရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် မေဇင်ကုမ္ပဏီတာဝန်ရှိသူ ဦးသက်ထွန်းပါ (၃)ဦး၊ စည်ပင်သာယာမှ တာဝန်ရှိသူ(၁)ဦးပူးပေါင်းအဖွဲ့ဖြင့် ကုန်စုံဆိုင်များဖြစ်သော ဦးအောင်ကျော်ထူး ဆိုင်အမှတ်(B2,7မှ 8)၊ ဒေါ်နွယ်နွယ်အောင် ဆိုင်အမှတ်(B2, 26 မှ 28)၊ ဦးခင်ဝင်း ဆိုင်အမှတ် (B1, 35 မှ 36)များကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီများကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေး (၂%)အမြတ်၊ သယ်ယူစရိတ်+လုပ်သားခတွက်ချက်၍ရောင်းချရန် ညွှန်ကြားခဲ့ပြီး စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)