Main menu

Terminal (M) ရှိ Ocean Supermarket ဆန်အရောင်း LG-01 အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူး၊ မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မိုး၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရဲမှူး ဦးစိုးလင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့ပူးပေါင်းပါဝင်လျက် ၂၂-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၂၀)နာရီအချိန်တွင် အမှတ်(၁၉၆)၊ ခရေပင်လမ်း၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal (M) ရှိ Ocean Supermarket ဆန်အရောင်း LG-01 သို့ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်စေရန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိကို Ocean Supermarket ဆန်အရောင်း LG-01 တာဝန်ခံ ဒေါ်ခင်ဆုပန်အား မေးမြန်းရာတွင် ရုံးချုပ်မှ မှာယူချပေးသောပစ္စည်းများကိုသာရောင်းချရကြောင်း၊ ဈေးနှုန်းကိုလည်း ရုံးချုပ်ကချပေးသည့်အတိုင်း ရောင်းပေးရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)