ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ ခရိုင်စားသုံးထုတ်လုံမှ ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းနှင့် ဒေးဒရဲမြို့နယ်ဦးစီးမှူးတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက် ၊ အ.ထ.က (၃) ကျောင်းရှိ ဆရာ/မ (၃၄) ဦး၊ ကျောင်းသား/သူ (၆၁၁)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခဲ့ပါသည်။
ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်ကိုပြောကြားခဲ့ပြီး ခရိုင်စားသုံးထုတ်လုံမှ ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ငွေကြေး (သို့) ကျန်းမာရေးဆိုင်ရာထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဒေးဒရဲမြို့နယ်ဦးစီးမှူး ဦးသိမ်းမောင်ကလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲနိုင်ရေး ထပ်ဆင့်အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)