Main menu

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ပြည်မြို့၊ နဝဒေးစက်မှုဇုန်ရှိ ဦးဇော်ထက်ပိုင်၏ ဇေယျာရွှေတည်ဆန်စက်နှင့် ဦးမြတ်သူ၏ ပွင့်ထွန်းဆန်စက်သို့လည်းကောင်း၊ စက်မှုဇုန်(၁)ရှိ ဦးအောင်ဇော်မင်း၏ A-1လယ်ယာသုံးစက်ကိရိယာလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းနေ ဦးရဲမျိုးအောင်၏ သရဖူဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်ဒေသရှိ ဦးစိုးသူရအောင်၏ စိန်သုံးလုံးအိမ်ဆောက်ပစ္စည်းဆိုင်၊ ဒေါ်သဉ္ဇာလတ်၏ ဘရဏီအိမ်ဆောက်ပစ္စည်းဆိုင်နှင့် ဦးဝင်းလတ်၏ ဘရဏီစက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၅)ရပ်ကွက်ရှိ ဦးသိန်းဇော်၏ ဝါစက်သို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်ခင်မာလွင်ဆန်စက်သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)