Main menu

သာယာဝတီမြို့နယ်၊ သိန်းမေတ္တာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာရှိ သိန်းမေတ္တာဆန်စက်သို့ (၂၆-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့် သတင်းနည်းတာဝန်ခံ ဒေါ်ကြည်ကြည်ချိုတို့သည် သိန်းမေတ္တာဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။ ရှေးဦးစွာ ဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး  အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)