Main menu

မုဒုံမြို့တွင် ပန်းထိမ်ငိုပန်း (ပန်းထိမ်မနိုင်ပန်း) များ စတင်ထွက်ရှိချိန် စျေးကောင်းရရှိ၍ စိုက်ပျိုးရောင်းချသူများအဆင်ပြေ

Powered by Drupal

      မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့အနီးအနားဝန်းကျင်နှင့် ကျေးလက်ဒေသများတွင် မိုးဦးကျကာလ၌ ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းများစတင်ထွက်ရှိပြီး စျေးကောင်းရရှိကာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

       ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းများကိုစိုက်ပျိုးရာတွင် မြေကိုဖွ၍ ညက်ညက်ပြုလုပ်ပေးရကာ ပန်းမျိုးများကို အပင်ကပ်ထိုးခြင်း၊ အမြစ်မှမျိုးယူခြင်းနှင့် ဥမှတစ်ဆင့် စိုက်ပျိုးခြင်းဖြင့် အပင်တစ်ပင်နှင့်တစ်ပင် နှစ်ပေခန့်အကွာ စိုက်ပေါင်တစ်ပေါင်နှင့် တစ်ပေါင်အကြား ငါးပေခန့်အကွာစိုက်ပျိုးနိုင်ကြောင်း၊ အပင်စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင် ပန်းများစတင်ထွက်ရှိ၍ ခူးယူရောင်းချနိုင်ကြောင်း၊ ပန်းပျိုးပင်စိုက်ခင်းတွင် အဓိကအားဖြင့် အပင်အမြစ်ပုပ်ပြဿနာများဖြစ်ပွားတတ်ရာ မြေစားပိုးအနည်းငယ်ကျရောက်လေ့ရှိခြင်းကြောင့် ပိုးမွှားရောဂါကာကွယ်ထိန်းသိမ်းနိုင်ရန် မျိုးဝယ်ယူရာတွင် အထူးဂရုပြုစိုက်ပျိုးရန် လိုအပ်ကြောင်း ကော့ခိုက်ကျေးရွာမှ ပန်းစိုက်တောင်သူတစ်ဦးက ပြောသည်။

       မုဒုံမြို့နယ်တွင် ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းများ၏ ဒေသပေါက်စျေးမှာ ဆယ်ပွင့်ပါ ပန်းတစ်စည်းလျှင် ငွေကျပ်၅၀၀၀မှ ၁၀၀၀၀ကျပ်အထိရရှိကာ မြို့ပေါ်စျေးများအပြင် အခြားဒေသများသို့ တင်ပို့ရောင်းချရကြောင်းသိရှိရပါသည်။

DOCA(မွန်)