![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/23_12.jpg?itok=KPI5dgdw)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးရာဒေသဖြစ်သော်လည်း ဒေသတွင်းသုံးစွဲမှုလုံလောက်ခြင်းမရှိ၍ တစ်နှစ်ပတ်လုံး မြေပဲဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး အတွက် အခြားဒေသများဖြစ်သည့် ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်၊ ချောက်၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် မြေပဲဆီကို ယခင်ထက် စားသုံးမှုပိုမိုများပြားလာကာ ဈေးကွက်ပိုမိုခိုင်မာမှုရှိလာပြီး ဆီကြိတ်၍ရရှိသော မြေပဲဖတ်များကိုလည်း အမှုန့်ကြိတ်ပြီး စိုက်ခင်းသုံးသွင်းအားစုနှင့် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက် ရှိသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် မြေပဲဆန်နှင့် မြေပဲဆီဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ မြေပဲဆန်လုံးကြီး (နီ) တစ်ပိဿာလျှင် ကျပ်(၇၅၀၀- ၇၀၀၀)၊ လုံးဆန် (နီ)ဆီဆန်တစ်ပိဿာလျှင် ကျပ်(၆၇၀၀-၆၅၀၀)၊ လုံးဆန်(ဖြူ)သေးတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၅၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ် (၆၈၀၀-၆၅၀၀)၊ မြေပဲဖတ်အမှုန့်တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၃၉၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀-၁၆၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဇွန်လအတွင်း မြေပဲဆန်တစ်ပိဿာလျှင် ကျပ်(၅၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့မှ မြေပဲဆီသန့်များကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်၊ နေပြည်တော်မြို့များသို့ အများဆုံးတင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)