Main menu

ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၅-၆-၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နှင့် ဇုတ်သုတ်ကျေးရွာတို့ရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ၊ ဆန်အမျိုးအစားအလိုက် သိုလှောင်ထားမှုနှင့် အမှန်ရောင်းချနေသောဈေးနှုန်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်းတွေ့ရှိရပြီး ဆန်ဆိုင်လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းမတည်ငြိမ်စေမှုဖြစ်ပေါ်စေရန် သိုလှောင်မှု၊ ရောင်းချဖြန့်ဖြူးမှုမပြုရန်အတွက် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)