မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ၂၆-၆-၂၀၂၄ ရက်နေ့က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ခရိုင်၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းတင့်နှင့် တာဝန်ရှိသူများက ရော်ဘာအထွက်နှုန်းတိုးတက်စေရေးအတွက် ရော်ဘာစိုက်တောင်သူများလိုက်နာရမည့်အချက်၊ ရော်ဘာပင်အား မိုးကာအုပ်အစေးခြစ်ခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်မှု၊ ရော်ဘာမျိုးသစ်များ၏ ကြီးထွားမှုနှင့် အထွက်နှုန်းတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မုဒုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ခြံရှင်များတက်ရောက်ကြ၍ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)