Main menu

သထုံမြို့နယ်၌ ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၅-၆-၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်အတွင်း ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်းရေးအတွက် သထုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ သထုံမြို့နယ်အတွင်းရှိ ဆန်ဆိုင်(၄) ဆိုင်တွင်‌ရောင်းချလျက်ရှိသော ကျားပျံဆန် (၁၀၈) ပေါင် တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်မှ (၁၅၀၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် (၁၀၈) ပေါင် တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်မှ (၁၅၀၀၀၀) ကျပ်၊ ကမာကြည် (၁၀၈) ပေါင် တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ဧည့်မထ (၁၀၈) ပေါင် တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုကြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)