Main menu

ရွှေဘိုခရိုင် (၆/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၄)  ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

      ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အားတွေ့ဆုံခြင်း (၄)ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဆန်ပွဲရုံအားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဆီနှင့်ကုန်မျိုးစုံရောင်းချသည့်ဆိုင်တွင် စားအုန်းဆီလက်လီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်အား လည်းကောင်း၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြောက်ဘက်ရှိ ကွမ်းယာပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)