Main menu

ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင်မျှတစွာတည်ငြိမ်မှန်ကန်စေရေးနှင့် MyRO စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

      ၂၀၂၄ခုနှစ်၊ ဇွန်လ (၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ကျင်းပပြုသည့် ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ တိုင်းဒေသကြီးဦးစီးမှူးက ဆန်စက်များ၊ စပါး/ဆန်ရောင်းချသည့် လုပ်ငန်းရှင်များအားဖိတ်ကြား၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      ညွန်ကြားချက်အရ ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင်မျှတစွာတည်ငြိမ်မှန်ကန်စေရေးနှင့် MyRO စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၀) ဦး၊ ခရိုင်/ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင် (၁၅)ဦး၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စပါး/ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ (၄၀)ဦး၊ စုစုပေါင်း (၆၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

        အခမ်းအနားတွင် မုံရွာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားနှင့် အစည်းအဝေးကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ပြည်တွင်းစားဆန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်စေရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး၊ Myanmar Rice Online (MyRO) စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင်ရေး စသည့်အချက်များကိုဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းဖြေကြားခြင်းများပြုလုပ်ခဲ့ကြပြီး ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း၊ အစည်းအဝေးမှာ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)