![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/40_13.jpg?itok=LsvLdEDH)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချည်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ခရမ်းချည်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် ဒေသထွက်ခရမ်းချည်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချည် သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပြီး ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချည်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချည်အရသာနည်းသည့်အပြင် အလုံးအရွယ်အစား လှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများကကြိုက်နှစ်သက်ကြသောကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။
ကန့်ဘလူမြို့၏ ခရမ်းချည်သီးဈေးနှုန်းအနေဖြင့် ယခုဇွန်လ၊ စတုထ္ထအပတ်တွင် ထိုင်ဝမ်ခရမ်းချည်သီးဈေးမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၅၀၀/၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ကုန်စိမ်းသီးနှံအရောင်းအဝယ်လုပ်နေသူများထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)