Main menu

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင်  ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များတွင်   ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေများကိုမေးမြန်းခဲ့ရာ CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်မျိုးတည်းသာရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်အိတ်လျှင် ကျပ်၁၅၀၀၀ဈေးနှုန်းဖြင့် အတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက်ကျန်ရှိကြောင်း၊ ဇွန်လ၊ တတိယအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဇွန်လ၊ စတုထ္ထအပတ်တွင် ယခင်အပတ်အတိုင်း ဘိလပ်မြေဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)