Main menu

မော်လမြိုင်မြို့နယ်၌ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး(ကိုယ်စား) မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ 

       စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မော်လမြိုင်မြို့အတွင်းရှိ PT power၊ New Day နှင့် Denko စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှုအခြေအနေများ၊ ဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လိုအပ်သည်များမှာကြားခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံက စက်သုံးဆီရောက်ရှိမှုအခြေအနေ၊ အမှန်တကယ်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ရောင်းချရာတွင် အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲသူများ ထိခိုက်နစ်နာမှုမရှိစေရေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် အဆိုပါပူးပေါင်းအဖွဲ့တွင် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)