![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/48_10.jpg?itok=WiaMx9aW)
စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၈-၆-၂၀၂၄ ရက်နေ့တွင် သထုံမြို့၊ နန်းခဲရပ်ကွက်တွင် ဆန်/စပါးလုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀မှတ်) တစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၆၀၀) ဦးအားရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
ထိုကဲ့သို့ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် တစ်ရက်ခြားစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မွန်)