Main menu

မိတ္ထီလာမြို့ပေါ်ရှိ ဆန်ကုန်သည်များနှင့်တွေ့ဆုံ၍ ဆန်ဈေးနှုန်းအခြေအနေများဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆန်ကုန်သည်များနှင့်တွေ့ဆုံ၍ ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများမရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။

        ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက ဆန်ကုန်သည်များအား ဌာနအနေဖြင့် ဆန်စပါးဥပဒေကို ဆန်ကုန်သည်အသင်းနှင့်ပူးပေါင်းရေးဆွဲနေကြောင်း၊ ဆန်ဂိုဒေါင်များကိုလည်း မှတ်ပုံတင်ထားရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာ သိုလှောင်ရုံပိုင်ရှင်များအနေဖြင့် မှတ်ပုံတင်နိုင်ရေးဌာနနှင့်ချိတ်ဆက်ရန်ဖြစ်ကြောင်း၊ ဆန်ဂိုဒေါင်များမှတ်ပုံတင်ခြင်းကို Online မှလည်းပြုလုပ်နိုင်ကြောင်း၊ ဆန်ကိုမလိုအပ်ဘဲ ဈေးနှုန်းကစားရန်အလို့ငှာ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရန်နှင့် ဆန်အမျိုးအစားအလိုက် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာရောင်းချရန်လိုအပ်ကြောင်း၊ ဆန်ဝင်ရောက်မှု၊ ဖြန့်ဖြူးမှုအခြေအနေများနှင့် ဆန်ဈေးနှုန်းအခြေအနေများကို သိလိုကြောင်းမေးမြန်းရာ ဆန်ကုန်သည်များက ဒေသတွင်းစားသုံးမှုများသောဆန်မှာ မနောသုခဖြစ်ပြီး ဧရာပဒေသာ၊ ပေါ်ဆန်းတို့ကိုလည်း စားသုံးမှုရှိကြောင်း၊ မနောသုခဆန်ကို ဒေသတွင်းစိုက်ပျိုးထွက်ရှိကာ လိုအပ်သည့် မနောသုခ၊ ပေါ်ဆန်း၊ ဧရာပဒေသာတို့ကို ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ တင်သွင်းကြောင်း၊ ဆန်ဈေးနှုန်းအခြေအနေများမှာ ဇွန်လ လဆန်းမှစ၍ ဈေးငြိမ်နေကြောင်းနှင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း၊ တင်သွင်းဖြန့်ဖြူးမှုများကို အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

        ဆွေးနွေးပွဲသို့ ဆန်ကုန်သည်(၉)ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့အပါအဝင် မိတ္ထီလာမြို့ပေါ်ရှိ ဆန်ကုန်သည်များမှာ မိတ္ထီလာခရိုင်အတွင်း၌သာ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)