Main menu

မိတ္ထီလာမြို့ပေါ်ရှိ ပဒေသာကြက်သွန်ဖြူကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ( ၂၇-၆-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊ စက်မှုဇုန်ရှိ “ပဒေသာ” ကြက်သွန်ဖြူကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် လုပ်ငန်းရှင်က ကုန်ကြမ်းဖြစ်သည့် ကြက်သွန်ဖြူကို တောင်ကြီးမြို့မှဝယ်ယူကြောင်း၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာအချိန် (၂၅၀၀) ပိဿာကြော်ရကြောင်း၊ ကြက်သွန်ဖြူ (၂၅၀၀) ပိဿာကြော်လျှင် ကြက်သွန်ဖြူကြော် (၁၂၀၀) ပိဿာထွက်ရှိကြောင်း၊ ကြက်သွန်ဖြူကြော်တစ်ပိဿာလျှင် (၁၅၀၀၀-၂၀၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ ရန်ကုန်မြို့သို့သာ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)