Main menu

မိတ္ထီလာမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့်  ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ ဆန်ပွဲရုံ (၄)နှင့် ဆန်ဆိုင် (၁၁) ဆိုင်တို့သို့သွားရောက်၍ ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများအားတွင် ရွှေဘိုပေါ်ဆန်း၊ မဂျမ်းတော၊ မနောသုခ၊ ဧရာပဒေသာ၊ ဧည့်မထ၊ ရွှေသွယ်ရင်၊ ရက် ၉၀၊ ထိုင်းနှမ်ကောက်ဆန်အမျိုးအစားများရောင်းချနေကြောင်းသိရှိရပြီး၊ ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံက အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဒေသတွင်းဖြစ်သင့် ဖြစ်ထိုက်သောဈေးနှုန်းဖြင့်သာရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းမြှင့်တက်လိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မန္တလေး)