Main menu

ကျွန်းလှမြို့ ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၉-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း‌ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျွန်းလှမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ကုန်အညွန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဆိုင်ရာ အသေး စိတ်စိစစ်ချက်များအတိုင်း ပြည့်စုံသည့်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိ‌သောကုန်ပစ္စည်းမျာကို တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)