Main menu

ဒေးဒရဲမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်       ဒေးဒရဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူပြည်သူ( ၁၀ )ဦးတို့အား     စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် သိကောင်းစရာများကိုပြောကြားခဲ့ပြီးနောက် စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ကုန်ပစ္စည်းတွင် ဖော်ပြပါရှိသည့်ပါဝင်ပစ္စည်း၊  အလေးချိန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ သုံးစွဲပုံနည်းလမ်း စသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူကြရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များကို ဝယ်ယူခြင်းမပြုရန်၊  စားသုံးသူနစ်နာဆုံးရုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက  လူကိုယ်တိုင်လည်းကောင်း၊  သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံအထောက်အထားနှင့်အတူ   တိုင်ကြားနိုင်ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)