ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ဒေးဒရဲမြို့၊ တညင်ကုန်းကျေးရွာရှိ နုရတနာဆန်စက်သို့သွားရောက်ကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် နုရတနာဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်သောဆန်များ အရည်အသွေးပြည့်မီစေရေး၊ အချင်အတွယ်များမှန်ကန်ရေး၊ ဆန်စပါးဈေးကွက်ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ထုပ်ပိုးမှုစနစ်များလုံခြုံမှုရှိ/မရှိစိစစ်ခြင်းနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ်ကျယ်ပြန့်လာနိုင်ပြီး မှီခိုအားထားနေရသော အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)