Main menu

ဖျာပုံခရိုင်ရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်  မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းမှ တရားဝင်ထုတ်လုပ်ထားသော ပုံးဆီများအားရောင်းမည်ဆိုပါက မည်သည့်ဆီအမျိုးအစားရောင်းချမည်ဖြစ်သည်ကို စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းတင်ပြထားရန်လိုအပ်ကြောင်း၊ (ဥပမာ - ငါးနှစ်ကောင်နှင့်ယုဇနဆီ) စားသုံးသူပြည်သူများလက်ဝယ်ရရှိစေရေးအတွက် ရပ်ကွက် /   ကျေးရွာ၊ ဌာနဆိုင်ရာများကိုလည်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးရန်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း( ၁၈ )၊ ပုဒ်မ( ၄၂ )ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်စပ်လျဉ်သည့် အမျိုးအစား၊ အမျိုးအမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက်၊   ထုတ်လုပ်သည့်ရက်စွဲနှင့် FDA ထောက်ခံချက်များပါဝင်သည့် ဆီများကိုသာရောင်းချရန်၊ ပုဒ်မ( ၄၃ )အရ  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)