Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်

Powered by Drupal

     ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့်စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)