Main menu

ဗီယက်နမ်နိုင်ငံနှင့်စင်္ကာပူနိုင်ငံတို့ ပင်လယ်စာကုန်သွယ်‌ရေးမြှင့်တင်ရန် မျက်စိကျနေ

Powered by Drupal

      ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် ငါးလုပ်ငန်းပူးပေါင်း‌ဆောင်ရွက်မှုမြှင့်တင်ရန် အလားအလာနှင့် အခွင့်အရေးရှိနေကြောင်း ငါးလုပ်ငန်းနယ်ပယ်မှ အတွင်းလူတစ်ဦးက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဇွန်လ ၂၅ရက်နေ့က  ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်နှင့် စင်္ကာပူငါးလုပ်ငန်းစီးပွားရေးချိတ်ဆက်မှုညီလာခံတွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံကို ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)၊ စင်္ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဟိုချီမင်းမြို့တော်၊ ပြင်ပဆက်ဆံ‌ရေးဌာနက ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ VANEP ၏ ဒုတိယအထွေထွေအတွင်းရေးမှူး To Thi Tuang Lan က ဗီယက်နမ်နိုင်ငံ၏ ငါးလုပ်ငန်းနယ်ပယ်သည် ပြုပြင်ထားသော တန်ဖိုးမြှင့်ထုတ်ကုန်များတိုးတက်ရေးတွင် အာရုံစိုက်ထားကြောင်း ညီလာခံတွင်ပြောကြားခဲ့ပါသည်။ ထို့ပြင် Lan က ဗီယက်နမ်နိုင်ငံသည် ပုစွန်နှင့် Tra fish မွေးမြူခြင်း၊ ပြုပြင်ခြင်း၊ တင်ပို့ခြင်းတို့တွင် အခွင့်အလမ်းများရှိနေကြောင်း၊ များပြားလှသည့် ကမ္ဘာလှည့်ခရီးသွားများကြောင့် စင်္ကာပူသည် အရည်အသွေးမြင့်ထုတ်ကုန်များ ဝယ်လိုအားမြင့်တက်လာကြောင်းနှင့် စင်္ကာပူနိုင်ငံသည် သေးငယ်သည့် စားသုံးသူဈေးကွက်ရှိသော်လည်း အခြားနိုင်ငံများသို့ရောက်ရှိရန် အရေးပါသည့် တံခါးပေါက်တစ်ခုဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကုန်ထုတ်လုပ်ခြင်းနှင့်ပြုပြင်ခြင်းတို့တွင် အားကောင်းသော်လည်း စင်္ကာပူစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာကုန်သွယ်ရေးကျွမ်းကျင်မှုတွင် အလွန်ကောင်းမွန်ကြောင်းသိရှိရပါသည်။ စင်္ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲဖြစ်သူ Cao Xuan Theng က ဗီယက်နမ်ပင်လယ်စာသည် စင်္ကာပူတွင် ပိုမိုထင်ရှားလာပြီး စားသုံးသူများ၏ ကောင်းမွန်သည့်တုံ့ပြန်မှုရရှိကြောင်းနှင့် စင်္ကာပူမှ မိတ်ဖက်များနှင့်ချိတ်ဆက်နိုင်ပါက ဗီယက်နမ်ထုတ်ကုန်များ အခြားဈေးကွက်များသို့ရောက်ရှိရန် ကြီးမားသည့်အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စင်္ကာပူနိုင်ငံပင်လယ်စာနယ်ပယ်အသင်း (SIAS) ဥက္ကဋ္ဌကလည်း စင်္ကာပူနှင့်ဗီယက်နမ်စီးပွားရေးလုပ်ငန်းများပူးပေါင်းမှုသည် ကုန်သွယ်ရေးဝင်ငွေမြင့်တက်လာစေရုံသာမက နှစ်နိုင်ငံကြား ပင်လယ်စာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ပြီး ဗီယက်နမ်ပင်လယ်စာများကို ကမ္ဘာပေါ်ရှိဈေးကွက်များးသို့ ပိုမိုရောက်ရှိရန် ကူညီပေးနိုင်မည်ဖြစ်‌ကြောင်းပြောကြားခဲ့ပါသည်။

Source: Vietnamplus

DOCA(ရန်ကုန်)