Main menu

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် စင်္ကာပူရင်းနှီးမြှုပ်နှံသူများကို ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်တောင်းဆို

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Kith Meng က အာဆီယံနှစ်နိုင်ငံကြား ခိုင်မာသော စီးပွားရေးဆက်ဆံမှုတည်ဆောက်ရန်အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြရန် စင်္ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကိုတောင်းဆိုခဲ့သည်။

      ဇွန်လ ၁၉ရက်နေ့(ဗုဒ္ဓဟူးနေ့)က စင်္ကာပူတွင်ကျင်းပခဲ့သော ကမ္ဘောဒီးယား- စင်္ကာပူ စီးပွားရေးဖိုရမ်၌ အာဆီယံ-BAC  ကမ္ဘောဒီးယား၏ သဘာပတိလည်းဖြစ်သော Meng က ယခုဖိုရမ်သည် တက်ကြွသော စီးပွားရေးအသိုက်အဝန်းတွေအကြားရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းလာစေပြီး စီးပွားရေးဆိုင်ရာအသိအမြင်များချဲ့ထွင်ဖို့ ဆောင်ရွက်ပေးနိုင်ကြောင်းပြောကြားခဲ့သည်။

         ကမ္ဘောဒီးယား-စင်္ကာပူစီးပွားရေးဖိုရမ်ကို နှစ်နိုင်ငံထိပ်တန်းအရာရှိများအပါအဝင် ကုမ္ပဏီပေါင်း ၃၄၈ခုမှ လုပ်ငန်းရှင်၅၀၀ခန့်တက်ရောက်ခဲ့ကြသည်။

        ဆယ်စုနှစ်များအတွင်း စင်္ကာပူနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ခိုင်မာသောထောက်ခံအားပေးသူ မိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ကမ္ဘောဒီးယားတွင် အစောဆုံးနှင့် အထင်ရှားဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း ဥက္ကဋ္ဌ Kith Meng က‌ ပြောကြားခဲ့သည်။

         ဒေသတစ်ခုလုံးအတွက် စွမ်းအင်လုံခြုံရေးနှင့် စီးပွား‌ရေးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် အသွင်ကူးပြောင်းရေးအစပြုမှုဖြစ်သည့် ASEAN Energy Connectyvity ကိုတွန်းအားပေးရန် Meng မှ အာဆီယံခေါင်းဆောင်များအားတိုက်တွန်းခဲ့သည်။

      ကမ္ဘောဒီးယားသည် စင်္ကာပူစီးပွားရေးလုပ်ငန်းအများအပြားကို ဆက်လက်ဆွဲဆောင်လျက်ရှိပြီး ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်မိတ်ဖက်များအတွက် အခွင့်အလမ်းများစွာရှိကြောင်း၊ အထူးသဖြင့် အခြေခံအဆောက်အဦပိုင်ဆိုင်မှုများ၊ ဘဏ္ဍာရေး၊ အစားထိုးစွမ်းအင်၊ အစားအစာနှင့် ခရီးသွားလုပ်ငန်းကဲ့သို့သော အဓိကကဏ္ဍများ၊ အခွင့်အလမ်းများစွာရှိသည်။

          ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC)၏ အဆိုအရ ၂၀၀၉ ခုနှစ်မှစတင်ကာ လွန်ခဲ့သည့်(၁၅)နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် (၁)ဘီလီယံကျော်ရှိပြီး ၂၀၂၃ခုနှစ်တွင် ၃ဘီလီယံကျော်တိုးမြင့်လာခဲ့သည်။

          အဓိက မိန့်ခွန်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Monet က ရေရှည်တည်တံ့ခိုင်မြဲ၍ တိုးတက်သောကမ္ဘောဒီးယားဈေးကွက်တွင် အခွင့်အလမ်းများရှာဖွေရန်အတွက် စင်္ကာပူမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ချင်ပါသည်ဟု ဝန်ကြီးချူပ်ကပြောကြားခဲ့သည်။

         ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံတော်၏အာမခံချက်ကို အလေးပေးဖော်ပြရာတွင် ကမ္ဘောဒီးယားသည် အာဆီယံဒေသအတွင်း ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု၊ အစိုးရ၏ အပြည့်အဝပံ့ပိုးမှု၊ တက်ကြွသောလူငယ်လုပ်သားအင်အားနှင့် မဟာဗျူဟာမြောက် တည်နေရာတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံဒေသအတွင်း ဆွဲ‌ဆောင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံမှုနေရာအဖြစ် ရပ်တည်နေကြောင်း Mr Hun Manet ကပြောကြားခဲ့သည်။

          ကမ္ဘောဒီးယားကိုယ်စားလှယ်ဝန်ကြီး Jean Franinii Tan က Mr. Hun Manet နှင့် စင်္ကာပူဝန်ကြီးချုပ် Lawrence Wang တို့၏ ဆွေးနွေးမှုများမှာ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို အဓိကအာရုံစိုက်ကြောင်း ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

Source: Khmertimes kh

DOCA(ရန်ကုန်)