Main menu

ကန့်ဘလူမြို့နယ်အတွင်း ဇွန်လတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ၊ အစုအဖွဲ့များဖွဲ့စည်း ပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန်စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါ သည်။

      ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်းပွဲရုံသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေ သော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင်/အထွက်တင်းများ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ကုလားပဲ v2 (၃၇၅)တင်းဈေးနှုန်းမှာ (၈၃၀၀၀)ကျပ်၊ ကုလားပဲ 929 (၄၀၅၀)တင်းဈေးနှုန်းမှာ (၈၀၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ်(၁၀၅)တင်းဈေးနှုန်းမှာ (၇၅၀၀၀)ကျပ်၊ မတ်ပဲအမျိုးအစား (၇၄၂.၅)တင်းဈေးနှုန်းမှာ (၁၀၃၀၀၀)ကျပ်၊  ပဲတီစိမ်း(၂၂၅၀)တင်းဈေးနှုန်းမှာ (၆၃၀၀၀)ကျပ် ပဲစင်းငုံ (နီ)(၂၄၇.၅)တင်းဈေးနှုန်းမှာ (၁၄၀၀၀၀)ကျပ်၊ ပဲစင်းငုံ (ဖြူ)(၇၈)တင်းဈေးနှုန်းမှာ (၁၃၃၀၀၀)ကျပ်၊ ကြက်ဆူ(၁၈၁.၅)တင်းဈေးနှုန်းမှာ (၃၇၀၀၀)ကျပ် ၊ ထောပတ်ပဲ(၈၁)တင်းဈေးနှုန်းမှာ(၁၃၀၀၀၀)ကျပ်၊ စွန်တာနီပဲ(၃၃)တင်းဈေးနှုန်းမှာ (၅၈၀၀၀)ကျပ်၊ ပဲဇီးကွက်(၁၃၀.၅)တင်းဈေးနှုန်းမှာ (၅၇၀၀၀)ကျပ်၊ နေကြာ(၁၃၉.၅)တင်းဈေးနှုန်းမှာ (၃၅၀၀၀)ကျပ်၊ မြေပဲဆန်(အဖြူ)(၄၅)တင်းဈေးနှုန်းမှာ (၁၁၀၀၀၀)ကျပ်၊ ဘိလပ်စေ့(၁၉၂)တင်းဈေးနှုန်းမှာ (၇၂၀၀၀)ကျပ်၊ နှံစားပြောင်း(ခေါ်)နွားစာပြောင်း(နီ/ဖြူ)(၉၄.၅)တင်းဈေးနှုန်းမှာ (၂၀၀၀၀)ကျပ်နှင့် ပြောင်းဆန်(၃၀၀)တင်းဈေးနှုန်းမှာ (၂၀၀၀၀)ကျပ် စသည်ဖြင့် အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

     ယခုရာသီကာလတွင် ကုလားပဲများနှင့်ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်ပြီး ယခင်မေလပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၀၀၀)ကျပ်၊ ပဲစင်းငုံ(ဖြူ/နီ)တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ကြက်ဆူစေ့တစ်တင်းလျှင် (၇၅၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အနည်းငယ်မြင့်တက်လျက်ရှိကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့၊ ဇောတိကပွဲရုံတစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)