Main menu

မြန်အောင်ခရိုင်၏ မိုးမြေပဲများထွက်ရှိမှုအခြေအနေ

Powered by Drupal

      မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးမြေပဲများစိုက်ပျိုးလျက်ရှိရာ မြန်အောင်မြို့နယ်တွင် စိုက်ဧက ၇၂၁၂ဧကစိုက်ပျိုးခဲ့ပြီး ၇၂၁၂ဧကရိတ်သိမ်း၍ ၅၃၆၂၁၂တင်းထွက်ရှိခဲ့ကာ တစ်ဧကထွက်နှုန်းအနေဖြင့် ၇၄တင်းထွက်ရှိကြောင်းသိရသည်။ ကြံခင်းမြို့နယ်တွင် စိုက်ဧက ၄၉၉၇ဧကစိုက်ပျိုးခဲ့ပြီး ၄၉၉၇ဧကရိတ်သိမ်း၍ ၃၀၄၈၁၇တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၆၁တင်း ထွက်ရှိကြောင်းသိရသည်။ အင်္ဂပူမြို့နယ်တွင် စိုက်ဧက ၂၉၅၂ဧကစိုက်ပျိုးခဲ့ပြီး ၂၉၅၂ဧကရိတ်သိမ်း၍ ၁၆၆၁၀၉တင်းထွက်ရှိကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၅၆တင်းထွက်ရှိကြောင်းသိရသည်။

        မိုးမြေပဲကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်ရိတ်သိမ်း၍ လက်ရှိမြေပြင်၌ မိုးမြေပဲဆန်အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်ပိဿာလျှင် ကျပ်၈၀၀၀ခန့်နှင့် မြေပဲဆီတစ်ပိဿာလျှင် ကျပ်၁၆၀၀၀ခန့်အထိပေါက်ဈေးရှိနေပြီး မြေပဲဆန်အရည်အသွေးကောင်းမွန်မှုပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)