Main menu

M Power Energy Co,Ltd တွင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ M Power Energy  တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ အဖွဲ့ဝင်နှင့် အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် EO ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဈေးတာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၆-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် အရှေ့ဈေးလမ်းမရှိ ပန်တျာအခွန်လွတ်ဈေး၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာဈေးတို့တွင် စားအုန်းဆီအရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်း ထက်မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းဖြင့် သာစားသုံးသူများအားရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)