Main menu

“ ကော့မှူးမြို့နယ်တွင် ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ”

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူစားသုံးနိုင်ရေးအတွက် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ခေါ်ယူတွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

      ထိုသို့ဆွေးနွေးခဲ့ရာတွင် ကော့မှူးမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူက မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့် ဈေးနှုန်းများအပေါ် သင့်တင့်သောအမြတ်ရာခိုင်နှုန်းသာယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှတသောရည်ညွှန်းဈေးဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများပူးပေါင်းပြီး ဆန်များရောင်းချသွားမည်ဖြစ်ကြောင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ထားခြင်းမျိုးများမဖြစ်စေရေးတို့အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း လုပ်ငန်းရှင်များအား အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

        အဆိုပါဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဒေါ်အေးသီတာ (ဒု-ဦးစီမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဆန်ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်(၁၂)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)