စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် ၈.၃.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏ၊ အလေးချိန်မှန်ကန်မှုရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ မိမိကုန်စည်ကြောင့် စားသုံးသူထိခိုက်နစ်နာမှုရှိလျှင် စီးပွားရေးလုပ်ငန်းရှင်တွင်တာဝန်ရှိကြောင်း စသည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်ပေါ်တွင် ဖော်ပြရမည့် အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြပါရှိကြောင်း၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှု ရှိ/မရှိ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)