ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်များပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တော်ခရမ်းကြီးကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက အားကစားနှင့်လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယဦးစီးဌာနမှ ဒေါ်နန့်လင်းလင်းဝင်းက လူငယ်နှင့်အားကစားအကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူကာကွယ်ရေးဥပဒေမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက် တိုင်းရင်းဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)