မော်လမြိုင်ဒေသထွက် ရင်ကွဲသရက်သီးများ ဈေးကောင်းရရှိနေသည်။ သရက်သီးမျိုးနွယ် (၁၂၅) မျိုးအနက် ရင်ကွဲသရက်သီးမှာ လူကြိုက်အများဆုံးနှင့် အသီးထွက်အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။ ယခင်မေလနှင့် ဇွန်လတွင် ရင်ကွဲသရက်သီး လှိုင်လှိုင်ထွက်ရှိခဲ့သည်။
ယခုဇူလိုင်လဆန်းတွင် ရင်ကွဲသရက်သီးဈေးနှုန်းအခြေအနေမှာ ရင်ကွဲသရက်သီး အစိမ်းအချောအကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀) ကျပ်ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့် အကြီးတစ်လုံးလျှင် (၃၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀) ကျပ်ဖြစ်သည်။
အဆိုပါ ရင်ကွဲသရက်သီးများမှာ ရာသီချိန်ကုန်ဆုံးတော့မည်ဖြစ်သဖြင့် အသီးထွက်နှုန်းနည်းပါးခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်းနည်းပါးကာ ဒေသထွက် ရင်ကွဲသရက်မျိုးများမှာ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။
DOCA(မွန်)