Main menu

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/ စီးထွက်မှုအခြေအနေ

Powered by Drupal

       သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇူလိုင်လ၏ ပထမအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၉၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်နောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်းစီးထွက်ခဲ့ပါသည်။

          သထုံခရိုင်အတွင်းသို့ ဇွန်လ၏ နောက်ဆုံးအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၂၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇူလိုင်လ၏ ပထမအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ နောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ ဇူလိုင်လ၏ ပထမအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၈၀၀၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၃၇၀၀၀၀၀) ကျပ်ခန့်၊ ကမာကြည် (၂၇၀၀၀၀၀)ကျပ်ခန့်၊ ဧည့်မထ (၂၂၀၀၀၀၀)ကျပ်ခန့်နှင့် (၂၄) ပြည်ပါ ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၇၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၁၃၅၀၀၀) ကျပ်ခန့်၊ ကမာကြည် (၁၁၅၀၀၀)ကျပ်ခန့်၊ ဧည့်မထ (၇၅၀၀၀)ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)