Main menu

အုတ်တွင်းမြို့တွင် စားသုံးဆီလက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အတူ  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီ လက်လီ/ လက္ကားရောင်းချသူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ  အုတ်တွင်းမြို့နယ်မှ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူ ၆၀ဦးတက်ရောက်ခဲ့ပါသည်။

     တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ ရောက်ရှိအောင်ရောင်းချပေးရန်၊ အချင်အတွယ်ပြည့်၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ ဈေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ်ကပ်၍ အများမြင်သာအောင်ရောင်းချရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

       စားသုံးသူပြည်သူများ စားသုံးဆီများကို ဈေးနှုန်းမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ လက်လီ/ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူးပေါင်းအဖွဲ့နှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချသည့်အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)