Main menu

ငှက်ပျောစိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal

       ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အားစိုက်ပျိုးရာတွင် တချို့ရွာသားများသည် မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံများ၏ဘေးပတ်လည်၊ နောက်ဖေးဘက် စသည်များတွင် အပင်၂၀မှ ၅၀အထိစိုက်ပျိုးထားကြောင်းသိရပါသည်။ စီးပွားဖြစ်စိုက်ပျိုးသော ဥယျာဉ်ခြံများတွင် တစ်ဧကလျှင် ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင်အကွာအဝေးမှာ ၁၀ပေခြားစိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုးအစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျော၊ ဖီးကြမ်းငှက်ပျောသီးများဖြစ်ကြပါသည်။ ငှက်ပျောပင်တစ်ပင်စတင်စိုက်ပျိုးပြီး (၆)လအကြာတွင် အသီးများရင့်မှည့်လာပြီး ခုတ်ယူရောင်းချ၍ရပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ငှက်ပျောသီးဈေးများမှာ  ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ၁၅၀၀ကျပ်၊ ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၂၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်းရောင်းချပါသည်။ ပြည်မြို့အနီးရှိ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများမှထွက်ရှိသော ငှက်ပျောများကို ပြည်မြို့နယ်အတွင်းရှိ မြို့မစည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင်ရောင်းချကာ ပြည်မြို့မှ ရန်ကုန်၊ နေပြည်တော် စသည့်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိပါသည်။

     ရခိုင်ငှက်ပျောသီးမှာ အသီးအမှည့်ကိုစားသုံးရုံသာမက မုန့်ဟင်းခါးချက်ပြုတ်ရာတွင်လည်း ၎င်းကို ငှက်ပျောအူအဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ရခိုင်ငှက်ပျောဖူးကို ကောက်ညှင်းဆန်မှုန့်ဖြင့် ရောနှောအရသာထည့်သွင်းကာ ရှမ်းဟင်းထုပ်အမည်ဖြင့် အဆာပြေသားရေစာအဖြစ် စားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)