Main menu

ပြည်ကုန်စည်ဒိုင်၏ ဇွန်လ ပထမပတ်နှင့် စတုတ္တပတ်ဈေးနှုန်းနှိုင်းယှဉ်ချက်

Powered by Drupal

         ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံဈေးမှာ မြင့်တက်လျက်ရှိပြီး ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများမှာ ဈေးအေးလျက်ရှိနေပါသည်။

မတ်ပဲ

      မတ်ပဲတစ်တင်းလျှင် ၁၁၀၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၅၀ခန့်သာအဝယ်ရှိပါသည်။ စတုတ္တပတ်တွင် မတ်ပဲတစ်တင်းကို ၁၁၀၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့် အဝယ်ရှိပါသည်။

ပဲစင်းငုံ

       ဇွန်လ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၄၂၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲစင်းငုံဈေးနှုန်းမြင့်တက်လာပြီး ပဲတစ်တင်းလျှင် ၁၄၅၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၅၀ခန့်အဝယ်ရှိပါ သည်။

ကုလားပဲ

      ဇွန်လ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၀၀၀၀-၉၁၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းလျှင် (၈၆၀၀၀-၈၆၅၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။

ပဲတီစိမ်း

          ဇွန်လ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ်၁၅၀ခန့်အဝယ်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ်၁၅၀ခန့်အဝယ်ရှိပါသည်။

ပဲကြီး

      ဇွန်လ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၃၀၀ခန့်ရှိပါသည်။ ဇွန်လစတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ်၂၅၀ခန့်ရှိပါသည်။

စားတော်ပဲ

    ဇွန်လ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၅၀ခန့်အဝယ်ရှိပါသည်။ စတုတ္ထပတ်အတွင်း စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၂၅/၅၀) ခန့်ရှိပါသည်။

ဘိုကိတ်

          ဇွန်လ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၈၀၀၀၀-၈၁၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၁၀၀/၁၅၀) ခန့်အဝယ်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ဘိုကိတ်တစ်တင်း ကို ၉၀၀၀၀ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး ရန်ကုန်နှင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်၁၅၀ခန့်အဝယ်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံတို့မှာ အရောင်းအဝယ်သွက်လျက်ရှိပြီး ကျန်ပဲများမှာ ပုံမှန်သာအရောင်းအဝယ်ရှိကြောင်းသိရှိရသည်။

     DOCA(ပဲခူး)