Main menu

ပြည်သစ်သီးဝလံဈေးကွက်၌ ရာသီစာသစ်သီးဝလံများအရောင်းအဝယ်များလျက်ရှိ

Powered by Drupal

       ယခုအခါ သစ်သီးဝလံဈေးကွက်အတွင်း နာနတ်သီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီးများ ရောင်းဝယ်မှုများလျက်ရှိရာ ဒူးရင်းသီးရောင်းချမှုအနေဖြင့် ကားလေးများဖြင့် လမ်းဘေး၌ နေရာတစ်နေရာယူ၍ ရောင်းချကြမှုများရှိပြီး နာနတ်သီးများမှာလည်း ပြည်မြို့သို့ ရန်ကုန်ဘက်မှ  အဝင်လမ်း၊ မြို့ရှောင်လမ်းတစ်လျှောက် လမ်းဘေးဝဲယာများတွင် နာနတ်သီးရောင်းချသည့်ဆိုင်များ အများအပြားရှိကြပါသည်။ မင်းဂွတ်သီး၊ ကြက်မောက်သီးများမှာမူ Online နှင့် ဈေးများအတွင်း ရောင်းချလျက်ရှိကြပါသည်။ ဒူးရင်းသီးဈေးများမှာ တစ်လုံးလျှင် ၇၅၀၀ကျပ်မှစ၍ အလုံးအရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိကာ နာနတ်သီးဈေးမှာ တစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်မှ (၄၀၀၀-၅၀၀၀) ကျပ်အထိရောင်းချမှုရှိကြပါသည်။ ယခုဈေးကွက်၌ ရောင်းချလျက်ရှိသော နာနတ်သီးများမှာ ရှမ်းပြည်ဘက်မှဝင်ရောက်လာသော အသီးများဖြစ်ပြီး ဒေသမှထွက်ရှိသော အသီးအနည်းငယ်သာရှိသည်ဟုသိရပါသည်။ မင်းဂွတ်သီး၊ ကြက်မောက်သီးများမှာမူ အသီးအရွယ်အစားလိုက်၍ မင်းဂွတ်သီးတစ်လုံးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်အထိ၊ ကြက်မောက်သီးမှာ တစ်လုံးလျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိရှိပြီး စားသုံးသူများကလည်း အဆိုပါ ရာသီစာသစ်သီးဝလံများကို ဝယ်ယူစားသုံးမှုများကြသောကြောင့် ဈေးကွက်အတွင်း ရာသီစာသစ်သီးဝလံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)