Main menu

ဈေးကောင်းရနေသော ပြည်ကြက်သွန်မြိတ်ဈေးကွက်

Powered by Drupal

       ပြည်ဈေးကွက်အတွင်း ၂၀၂၄ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ကြက်သွန်မြိတ်အစည်း (၃၀) ခန့်အဝင်ရှိနေပြီး ၎င်းမှာ ပြည်မြို့အနီး မှော်ဇာကျေးရွာမှသာ အဝင်ရှိနေကြောင်းသိရပါသည်။ မေလဆန်းတွင် ရေသွင်းစိုက်ပျိုးသော ကြက်သွန်ခင်းများမှထွက်ရှိသည့် ကြက်သွန်မြိတ်များဖြစ်သဖြင့် ထွက်ရှိမှုနည်းပါးပြီး ဈေးကွက်သို့အဝင်မှာလည်းနည်းကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။ ပစ္စည်းရှားပါးသဖြင့် တစ်စည်းလျှင် ၂ပင်သာပါရှိပြီး ကျပ်၃၀၀နှုန်းဖြင့် လက်လီရောင်းချမှုရှိကြောင်းသိရပြီး ကြက်သွန်မြိတ်ပေါများချိန် ဆောင်းတွင်းကာလတွင် တစ်စည်းလျှင် ၅ပင်ပါရှိပြီး (၁၀၀-၁၅၀) ကျပ်နှုန်းသာရှိသဖြင့် ယခုဈေးနှုန်းမှာ ထက်ဝက်ခန့်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)