Main menu

ကုန်မျိုးစုံနှင် စားသောက်ကုန်များကို FDA ဌာနနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇူလိုင် ၃ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ဈေးရုံ၌ ဧရာ၀တီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်၍ ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါ၀င်သော မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီပူးပေါင်းအဖွဲ့များသည် ရှောင်တခင်၀င်ရောက်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

        အဆိုပါစစ်ဆေးမှုတွင် ၂၀၂၄ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်တို့တွင် ညောင်တုန်းမြို့နယ်ဈေးများအတွင်း နမူနာကောက်ယူစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက် နမူနာတချို့မှာ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းသတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်၍ပါဝင်နေသည့်အတွက် စားသုံးရန်မသင့်သည့် အစားအသောက်ဖြစ်ကြောင်း အကြောင်းကြားလာသည့်အတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိသွား‌ရောက်၍ စစ်ဆေးရခြင်းဖြစ်ပါသည်။ ဈေးကွက်စိစစ်ဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် အစားအသောက်ဖြစ်သည့် ခြင်္သေ့မင်းအမှတ်တံဆိပ် ငရုတ်ဆီ၊ Lucky Tiger အမှတ်တံဆိပ် ငရုတ်ဆီနှင့် စူပါဆွိအမှတ်တံဆိပ် သံပရာ‌ပေါင်း၊ သံတွဲမြို့၊ ဒွါရာဝတီဈေးအတွင်းမှ တွေ့ရှိရသည့် Strawberry Natural Fruit အချိုရည်၊ Cream Soda Natural Fruit အချိုရည်၊ လိမ္မော် Juice ၊ Lychee Natural Fruit အချိုရည်တို့အား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိစိစစ်ရာ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။

       ဈေးကွက်နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ သက်တမ်းလွန်နေသောမုန့်များကို မီးရှို့ဖျက်ဆီးခြင်း၊ စားသုံးရန်မသင့်‌လျော်သော စားသောက်ကုန်များအား မြေမြုပ်ခြင်းတို့ပြုလုပ်ခဲ့ပြီး နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် အဆိုပါစစ်ဆေးပြီးစီးမှုအားသိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)