Main menu

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ စားသုံးသူကာကွယ်ရေးအသိပညာပေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ၁-၇-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

      ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကိုသိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကလေးအလုပ်သမားအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကို မိမိတို့ဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စစ်ဆေးရေးအရာရှိများအား တာဝန်ခန့်အပ်၍ ပူးပေါင်းမိတ်ဖက်ဌာနတို့နှင့်အတူ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းတို့ကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်ကို အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို လုပ်ဆောင်နေ၍ စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်သော ကုန်စည်ကိုသာ ဦးစားပေးရွေးချယ်အသုံးပြုရန်နှင့် စားသုံးသူအခွင့်အရေးများရှိပြီး လိုက်နာရမည့်တာဝန်များလည်းရှိသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်းကြားနိုင်သည့် နည်းလမ်းများ အကြောင်းကိုလည်းရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေသည် စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူအကြား မျှတသောလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရပ်တည်ပေးနေကြောင်းကို ကျောင်းသား/ကျောင်းသူ ၆၀ဦးအား အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)