Main menu

ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)နှင့် (အငယ်တန်းစာရေး) ဦးခိုင်လွမ်းမိုးတို့သည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့်ပူးပေါင်းပါဝင်လျက် ၁-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ မြို့မဈေး၊ ရပ်ကွပ်ဈေး၊ ဇကာကြီးဈေး၊ မြို့ပေါ်လက်လီဆန်အရောင်းဆိုင်တို့သို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များဖြစ်သော မြို့မဈေးမှ စွမ်းဆန်ဆိုင်၊ အောင်ကမ္ဘာဆန်ဆိုင်၊ ၇ရပ်ကွက်မှ ဒေါ်ရွှေဆန်ဆိုင်၊ ၄ရပ်ကွက်မှ ဒေါ်ကြည်ဆန်ဆိုင်တို့ရှိ ရောင်းချသည့် ဆန်အမျိုးအစားများ ဒေသထွက်ကုန်ဧည့်မထဆန်များ၏ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ ရောင်းချရန်ကျန်ရှိသော လက်ကျန်အိတ်၊ ပုသိမ်၊ မြောင်းမြဘက်မှဝယ်ယူရောင်းချသော ပုသိမ်ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းယဉ်၊ ဖျာပုံ၊ မြောင်းမြပေါ်ဆန်းဆန်များ ဝယ်ယူရရှိသည့်ရက်စွဲ၊ ဝယ်ယူသည့်နေရာ၊ သိုလှောင်သည့်နေရာ၊ ယခုအပတ်ရောင်းဈေးနှင့် ယခင်အပတ်ရောင်းဈေးများကိုစစ်ဆေးခဲ့ကြပြီး၊ ဆန်ရောင်းချသည့် ဆိုင်ရှင်များကို ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသော ရည်ညွှန်းဈေး၏ သယ်ယူကုန်ကျစရိတ်အပါ ၅ရာခိုင်နှုန်းထက်မပိုဘဲရောင်းချရန်၊ ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်စေရန် လုပ်ငန်းရှင်နှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အပါတ်စဉ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်းကို ဆန်ဆိုင်လုပ်ငန်းရှင်တို့အားပြောကြားခဲ့ပြီး ဓနုဖြူမြို့နယ်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ ထူးခြားစွာဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)