Main menu

ဆန်ရောင်းသည့် လုပ်ငန်းရှင်များအား ကုန်ဈေးနှုန်းတည်ငြိမ်းရေးနှင့် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဓနုဖြူအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ဆန်ရောင်းချသူလုပ်ငန်းရှင်၊ ဆန်ကုန်သည်အသင်း၊ ဆန်စက်ပိုင်ရှင် (၄၀)ဦးနှင့်တွေ့ဆုံ၍  ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် လုပ်ငန်းရှင်အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။

     ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆန်ရောင်းချသူလုပ်ငန်းရှင်၊ ဆန်ကုန်သည်အသင်း၊ ဆန်စက်ပိုင်ရှင်များအား ဆန်နှင့် ဆန်သိုလှောင်မှုန်၊ အရံဆန်နှင့်ပတ်သက်၍ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆန်ရောင်းချသူများသည် သတ်မှတ်ရည်ညွန်းဈေးအပေါ် ကုန်သွယ်ခအခွန်အမြတ် ၅ရာခိုင်နှုန်းတင်၍ ဈေးနှုန်းမှန်ကန်စွာရောင်းချရန်၊ ဆန်များကို မရောင်းချဘဲ သိုလှောင်ထားခြင်းများမပြုလုပ်ရန် ဆွေးနွေးခဲ့သည်။

        ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဆန်စက်လုပ်ငန်းရှင်နှင် ဆန်သိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းကို ဇူလိုင်(၇) ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ရန်၊ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် မိမိတို့၏သိုလှောင်ရုံများကို Myanmar Rice Online (MyRO) www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားခြင်းကြောင့် သိုလှောင်ရုံမှတ်ပုံတင်ရန်ကျန်ရှိနေသော လုပ်ငန်းရှင်များအား လုပ်ကိုင်ဆောင်ရွက်ရန်ပြောကြားပြီး၊ သဘာဝဘေးအန္တရာယ်အရေးပေါ်ကိစ္စရပ်များအတွက် အများပြည်သူသို့ ရောင်းချပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်သည့် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းဖြင့် ဆန်အိတ်များကိုရောင်းချပေးရန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်ရောင်းချသူလုပ်ငန်းရှင်များကို သတ်မှတ်ရည်ညွှန်းဈေးကို သယ်ယူခအပါအဝင် ရာခိုင်နှုန်း ၅% တင်၍သာရောင်းချရန်၊ အခြားဒေသမှ ဝယ်ယူရသော ပေါ်ဆန်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေး၏ သယ်ယူခအပါအဝင် အမြတ် ၇% သာတင်၍ရောင်းချရန်၊ သက်ဆိုင်ရာအထက်ဌာနသို့လည်း လုပ်ငန်းလိုအပ်ချက်များကို တစ်ဆင့်ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များကလည်း ဆန်အိတ်များကို ပြည်သူများသက်သာစွာဝယ်ယူနိုင်ရေးအတွက် ရောင်းချပေးရန် တိုက်တွန်းလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပြီး လုပ်ငန််းရှင်များက သိုလှောင်ရုံမှတ်ပုံတင်ခြင်း ကိစ္စနှင့်သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)