Main menu

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်၊ ဦးစီးမှူးနှင့် တာဝန်ရှိသူ ဝန်ထမ်းများသည် (၂-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင်  ဆေးဝါး ပစ္စည်းမျိုးစုံရောင်းချသော ဆိုင်(၉)ဆိုင်သို့သွားရောက်၍ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဆေးဝါးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဝါးမှတ်ပုံတင်မရှိသော FDA ၏အသိအမှတ်ပြု DRC No. မပါရှိသည့် ဆေးဝါးများရောင်းချ ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ကြရာ ပန်းတနော်မြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချခြင်းမရှိကြောင်းစစ်ဆေးတွေ့ ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဆေးဆိုင်လုပ်ငန်းရှင်များအား စစ်ဆေးရေးတာဝန်ရှိသူများက တရားဝင်မှတ်ပုံတင်ခြင်းမရှိသောဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/ ဖြန့်ဖြူး/ တင်သွင်းသည့်ကုမ္ပဏီဆေးဝါးမှတ်ပုံတင်အမှတ် Import Registration No. ဖော်ပြပါဝင်သော ဆေးပစ္စည်းများကိုသာရောင်းချရန်၊ ဆေးဆိုင်များ၊ ယစ်မျိုးဆိုင်များနှင့် စားသောက်ကုန်ဆိုင်များတွင် လိုင်စင်မဲ့ဆေးဝါးများနှင့် အရက်၊ ဘီယာ၊ စားသုံးရန်မသင့်သည့် ဟင်းသီးဟင်းရွက်နှင့် သားငါးများကိုစစ်ဆေးခဲ့ပြီး မုန့်ဟင်းခါးဖက်တွင် ဖော်မလင်ဆေးပါဝင်မှုများကိုလည်းစစ်ဆေးခဲ့ကြကြောင်း သက်ဆိုင်ရာဌာနများ၏ တားမြစ်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်ချခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်း ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေကစားရန် သိုလှောင်ခြင်းများမပြုလုပ်ကြရန် ဆေးဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)