Main menu

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ကိုရီးယားစီးပွားရေးအုပ်စုများနှင့် ဆိုးလ်မြို့တွင်တွေ့ဆုံ

Powered by Drupal

       ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးအုပ်စုများမှ ခေါင်းဆောင်များနှင့် ဇူလိုင်လ ၁ရက်နေ့က သီးခြားအစည်းအဝေးများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၀၇ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၅.၁ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် Hyosung Group ၏ ဥက္ကဋ္ဌ Cho Hyun-joon နှင့်တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဇီဝနည်းပညာနှင့် အခြားနယ်ပယ်များတွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးတွင် ၎င်းတို့၏ ပူးပေါင်းပါဝင်မှုတို့အတွက် ချီးကျူးစကားပြောကြားခဲ့ပါသည်။ Hyosung ၏ ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည့်အစီအစဉ်ကို ချီးမွမ်းရာတွင် ဝန်ကြီးချုပ်က ဗီယက်နမ်အစိုးရသည် ၎င်းတို့၏လုပ်ငန်းအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့ပြီး Hyosung အနေဖြင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ပြည်တွင်းလုပ်ငန်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရေးတို့တွင် ပိုမိုအာရုံစိုက်ရန် တိုက်တွန်းခဲ့ပါသည်။ ဝန်ကြီးချုပ်သည် ဗီယက်နမ်နိုင်ငံနှင့် ဒေသတွင်း၌ ဇီဝနည်းပညာနှင့်ဆန်းသစ်သောပစ္စည်းများထုတ်လုပ်ရာ ဗဟိုချက်ဖြစ်လာစေရန် တောင်ပိုင်းစီရင်စုက မျှော်လင့်လျက်ရှိသည့် Hyosung နှင့် Ba Ria-Vung Tau တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့ပေးမည်ဟုသိရပါသည်။

        Lotte Group ၏ဥက္ကဋ္ဌ Shin Dong-bin နှင့်အစည်းအဝေးတွင် ဝန်ကြီးချုပ်က စံပြမြို့ပြဖွံ့ဖြိုးရေးနယ်ပယ်တို့တွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတွင် ပူးပေါင်းပါဝင်ရန် အကြံပြုခဲ့ပြီး ၎င်းတို့၏ ကြီးမားသည့်စီမံကိန်းများဖော်ဆောင်ရာတွင် ပံ့ပိုးပေးမည်ဟုအာမခံပြောကြားခဲ့ပါသည်။ Shin ကလည်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးမှာ ရှေ့ဆက်၍ ဆက်လက်ကြီးထွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် စိတ်ဝင်စားစရာနေရာဖြစ်လာမည်ဟု ယုံကြည်ကြောင်းဖော်ပြခဲ့ကာ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်လာမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ Lotte သည် ဗီယက်နမ်နိုင်ငံတွင် ကြီးမားသည့်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဆန္ဒရှိကြောင်းသိရပါသည်။

        ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၁၅သန်း ရင်းနှီးမြှုပ်နှံထားသည့် Hyundai Motor Group မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်က မြို့တော်ကို အစိမ်းရောင်သယ်ယူပို့‌ဆောင်ရေးပြောင်းလဲရန်၊ နည်းပညာများကို ဗီယက်နမ်သို့လွှဲပြောင်းရန်၊ နှုန်းထားကန့်သတ်ထားခြင်းကိုမြှင့်တင်ရန်၊ ထောက်ပံ့မှုကွင်းဆက်နှင့် ကိုယ်တိုင်ကိုယ်ကျလေ့ကျင့်သင်ကြားခြင်းတို့တွင် ဗီယက်နမ်လုပ်ငန်းများပူးပေါင်းရေးအတွက် ပံ့ပိုးရန်နှင့် လူမှုသက်သာချောင်ချိရေးဆောင်ရွက်မှုများတွင် အာရုံစိုက်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ Hyundai ကလည်း ဗီယက်နမ်တွင် စီမံကိန်းများကို အဆင့်မြှင့်တင်ရန်နှင့် နည်းပညာသစ်များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Hyundai က ဗီယက်နမ်နိုင်ငံ၏ အရည်အသွေးမြင့်မားပြီး ငယ်ရွယ်သော လူသားအရင်းအမြစ် အားကောင်းမှုကို ချီးမွမ်းခဲ့ပြီး မော်တော်ကားနယ်ပယ်အတွက် ဗီယက်နမ်အတတ် ပညာရှင်များ နှင့် ပါရမီရှင်များအတွက် လေ့ကျင့်‌ရေး ပရိုဂရမ်များပေးပို့ရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။

       Doosan Enerbility ၏ ဒုတိယဥက္ကဋ္ဌ Yeonin Jung နှင့်အစည်းအဝေးတွင် ဝန်ကြီးချူပ်က ဗီယက်နမ်နိုင်ငံတွင် စက်မှုပစ္စည်းကိရိယာများနှင့် စွမ်းအင်ဆိုင်ရာ ပစ္စည်းကိရိယာများတပ်ဆင်မှုတို့တွင် Doosan ၏ လက်တွေ့ကျပြီးထိရောက်သော ပူးပေါင်းပါဝင်မှုအတွက်ချီးမွမ်းခဲ့ပြီး ၎င်းတို့၏ အစိမ်းရောင်နှင့်သန့်ရှင်းသော စွမ်းအင်နည်းပညာများနှင့် ၎င်းတို့၏ဖြေရှင်းချက်သစ်များကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။

      ထို့ပြင် ဝန်ကြီးချုပ်သည် တောင်ကိုရီးယား SMEs အသင်းချုပ်ဥက္ကဋ္ဌ Kim Ki-moon နှင့် တောင်ကိုရီးယားစက်မှုလုပ်ငန်းဆိုင်ရာဘဏ်ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Kim Sung-tae တို့နှင့်တွေ့ဆုံစဉ် ဗီယက်နမ်အသေးစားနှင့် အလတ်စားလုပ်ငန်းများကိုပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။

Source: Vietnam plus

DOCA(ရန်ကုန်)