Main menu

အခြေခံပညာမူလတန်းကျောင်း၊ အောင်မင်္ဂလာ(တပ်)ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးသည် ၂-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း၊ အောင်မင်္ဂလာ(တပ်)ကျောင်းသို့ သွားရောက်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်က ဌာန၏ဆောင်ပုဒ်မှာ "စားသုံးသူအခွင့်အရေးဦးစားပေး" ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website၊ Application နှင့် Consumer Call Center တို့တွင် အလွယ်တကူတိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါသော အစားအသောက်များကိုသာ ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၇၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)