Main menu

ကျိုင်းတုံမြို့မှ လိုင်ချီးသီးပင်အကြောင်း

Powered by Drupal

       ကျိုင်းတုံမြို့နယ်သည် အပူအအေးမျှတစိုစွတ်ပြီး အေးသမပိုင်းရာသီဥတုဖြစ်သည့်အတွက် ကျိုင်းတုံမြို့နယ်၊ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသတွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် ခြံထွက်အရိပ်ရလိုင်ချီးသီးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရာသီချိန်တွင် ဆွတ်ခူးရောင်းချနိုင်သောကြောင့် မိသားစုအပိုဝင်ငွေရကာ အိမ်ရှင်မများအတွက် မီးဖိုဆောင်စရိတ်ကာမိသောကြောင့် အဆင်ပြေလျက်ရှိပါသည်။

      လိုင်ချီးပင်သည် ဇန်နဝါရီလတွင် အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀မှ ရက်ပေါင်း ၁၄၀ကြားတွင် အသီးစတင်သီးကာ အပင်ပေါ်တွင် ရင့်မှည့်လွယ်သော အသီးမျိုးဖြစ်ပြီး မှည့်သည်နှင့်တစ်ပြိုင်နက် ရနံ့အလွန်မွှေးပါသည်။ တစ်နိုင်တစ်ပိုင်မိသားစုအိမ်ခြံဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် လိုင်းချီးပင်မှ အသီးများလှိုင်လှိုင်ပေါလျှင် ဒေသခံများမှာဆွတ်ခူး၍ ထမ်းတောင်းအတွင်းထည့်ကာ လှည့်လည်ပြီး ရောင်းချကကြောင်း၊ ပေါ်ဦးပေါ်ဖျာတွင် အချဉ်သီးအလုံး (၂၀) ကျော်ပါ  တစ်စည်းလျှင် ကျပ်(၅၀၀) ရရှိပြီး အချိုသီးဖြစ်ပါက တစ်ကီလိုလျှင် ကျပ် (၂၀၀၀)မှ (၃၀၀၀) ကျပ်ထိရရှိကြောင်း လိုင်ချီးစိုက် ကျိုင်းတုံမြို့နယ် ဒေသခံပြည်သူများထံမှသိရှိရပါသည်။ ကျိုင်းတုံမြို့နယ်တွင် နေထိုင်သောဒေသခံများက မိမိတို့၏မိသားစုခြံဝင်းအတွင်း၌  အရိပ်ရနှစ်ရှည်သီးပင်စားပင် ပင်ကြီးမျိုးများဖြင့် နှင်းသီး()ကြောင်မျက်လုံးသီးပင်များ၊ လိုင်ချီးပင်၊ သရက်ပင်၊ ပိန္နဲပင်၊ အုန်းပင်၊ ထောပတ်ပင်နှင့် မန်ကျည်းပင်တို့ကို အနည်းငယ်စီစိုက်ပျိုးထားလျက်ရှိပြီး ရာသီအလိုက် သီးမှည့်ကြသည့်အသီးနှံတို့ကို တစ်နိုင်တစ်ပိုင် ထမ်းတောင်းတွင်ထည့်ကာထမ်း၍ ဒေသတွင်းလှည့်လည်ရောင်းချကာ အပိုဝင်ငွေရှာသည်မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက် မိရိုးဖလာအမူအကျင့်တခုပင်ဖြစ်ကြောင်းသိရပါသည်။

DOCA(ရှမ်း)