Main menu

ရွှေဘိုခရိုင်အတွင်း ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ပထမပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၂၅၀၀၊ မန္တလေးသို့ အိတ်ရေ၃၅၀၀၀၊ နေပြည်တော် သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်း အိတ်ရေ ၇၉၅၀၀၊ တန်အားဖြင့် ၃၉၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၇၀၀၀၊မန္တလေးသို့ အိတ်ရေ ၃၀၇၀၀၊ နေပြည်တော်သို့ အိတ်ရေ၄၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀ ၊ ၊ပခုက္ကူသို့ အိတ်ရေ ၃၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၅၇၀၀၊ တန်အားဖြင့် ၃၂၈၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၃၈၀၀၊ တန်အားဖြင့် ၆၉၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

    ရွှေဘိုမြို့၏ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၄၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)