Main menu

ကန့်ဘလူမြို့နယ်တွင် ဆင်စွယ်နီသရက်သီးနှင့် ခရမ်းပြာသရက်သီးများ စတင်ထွက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ဥယျာဉ်ခြံသီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ လင်းရောင်ဝင်း စိုက်ပျိုးရေးခြံတွင် စိန်တစ်လုံးသရက်၊ နဂါးမောက်သီးအပြင် ဆင်စွယ်နီသရက်နှင့် ခရမ်းပြာသရက်တို့ကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

     ဆင်စွယ်နီသရက်နှင့် ခရမ်းပြာသရက်များကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ဇွန်လပထမပတ်မှစတင်ကာ အသီးများစတင်ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း R2E2 သက်ရက်သီးနှင့် ခရမ်းပြာသရက်သီးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ဆင်စွယ်နီသရက်သီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

DOCA(စစ်ကိုင်း)